Ko Htett/Myat Minn Ko-PLEASE歌曲免费下载

《Ko Htett/Myat Minn Ko-PLEASE》歌曲详情

作词 : Ko Htett

作曲 : Ko Htett

အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်

ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး

ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး

အို လူ စိတ်ကူးနဲ့လက်တွေ့မတူ

ငါဟာ အပေါ်ယံကြည့်ပြီးဆုံးဖြတ်ခဲ့အရာရာကို

မှန်တယ်ရင်တစွတ်ထိုးလုပ်မိတဲ့မတွေ‌ဝေတဲ့စိတ်ကို

ငါပြောင်းလဲလိုက်တဲ့အခါ

အချိန်ဟာနောက်ကျသွား

ကံကြမ္မာရဲ့ခါးသီးမှုတွေကြား

အခြေနေမှန်ကိုပြန်ပြီးရရှိတဲ့အချိန်မှာ

ကိုယ်မှန်တယ်ထင်ရင်

တစွတ်ထိုးမလုပ်တက်တော့ တွေဝေတဲ့စိတ်က

ငါ့ကိုထိန်းချုပ်ထားတဲ့အခါ

ဘယ်လိုရှေ့ဆက်သွားဖို့ရာ

ကံကြမ္မာ မဖန်တီးခဲ့ပါကောင်းတဲ့အရာ

အဖြေမရှိတဲ့အတွေးပေါင်းများစွာက

ငါ့ကိုခြောက်ခြားလိုက်

ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး

ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး

အို လူ စိတ်ကူးနဲ့လက်တွေ့မတူ

ငါဟာပညာတတ်ဘွဲ့ရ သို့ပေမဲ့

လက်ရှိစီးပွားရေးမှာ ဆင်ဆာဖြတ်ခဲ့ရ

အကြင်နာမက်တဲ့ငါ

အထီးကျန်မှုတွေရဲ့ဒဏ်ကြောင့်

ဟောဒီရင်ပါအက်ကွဲသွား

Rich kid တွေနဲ့ယှဥ်ကာဖြတ်တဲ့ဘဝ

နင်မပါတဲ့မနက်ညတွေကုန်ဆုံးခဲ့ ​

အရေးမပါတဲ့အင်တာနက်ထဲမှာ

တဒင်္ဂမက်ခဲ့သမျှအိမ်မက်တွေ

ရိုက်ချိုးပီး ဝင်္ကပါထဲထွက်မရ

လစာလေးတစ်ပဲခြောက်ပြားနဲ့

လုပ်ငန်းရှင်တွေကလာအသည်းဖောက်စား

အဘယ့်ကြောင့်များ ပိုက်ဆံက

လူသားတွေရဲ့လောဘကို

အမြဲလိုလိုစွဲဆောင်ထား

ဝဲခြောက်အလား

လူတွေရဲ့စိတ်ဓာတ်တွေညစ်ညမ်းလာ

ဆက်ဆံရေးတွေကျဲတောက်သွား

စောက် pressure တွေပိချက်က

နတ်ဘုရားမကလို့ ခန္ဓာမရှိတဲ့သရဲတောင်ဖျားမယ်

ကံကောင်းခြင်းအလင်းရောင်လား

ငါနေတဲ့ဟောဒီ့ ကမ္ဘာတစ်ဖက်မှာမထွန်းလင်းသေး

လာဖက်ကာတွန်းရင်းဝေးသွားတဲ့

ဘော်ဒါတချို့နာမည်တွေ

ဘဝစာမျက်နှာအစွန်းတွင်ရေး

ညာလျှက်လာအမွှန်းတင်နေတဲ့

သာပေါင်းတွေကိုလဲ

အဖျက်သနားမာန်နတ်ပမာညွှန်းချင်သေး

ငါတစ်သက်စာနစ်မွန်းနေပစေ

ငါ့ချစ်သူကိုတော့

အမဲစက်တွေဘာအတွက်မှမစွန်းထင်စေ

ကိုယ်တွေသာခေါင်းသုံးပေမဲ့

အထက်လူကြီးကတော့ ဂျိုတွေပါရောင်းသုံးပေး

ခင်ဗျားကတော့

မြိုနေတာအကောင်းဆုံးတွေနဲ့

ဘယ်လိုတွေလာမောင်းအုံးလေမလဲဆိုပီး အိပ်မပျော်နိုင်

စဥ်းစားတာများပြီး ငိုနေတာအကောင်းဆုံးလေ

မျက်ကွင်းတင်မကဘူး ငါ့မှာ

ညိုနေတာတစ်ခေါင်းလုံးပေ

အပိုတွေမပါအကောင်းဆုံးတွေးပီး

​ဒေါသမျက်ရည်တွေနဲ့ ညတိုင်လိုလို ငါ့မှာ

စိုနေတာခေါင်းအုံးလေး

အတိုင်းအဆမရှိနင်ပဲချစ်လွန်းလို့ လမ်းခွဲမယ်

ငါတို့ဘဝကို ပိုင်းခြားပီးရင်ကွဲ

အလုပ်ကိုထမင်းဂျိုင့်လေးဆွဲပီး

ငါ့လိုသူတောင်းစားနဲ့လိုင်းကားမစီးချင်နဲ့

နှလုံးသားလဲအတွေးများနဲ့ကြေမွငါ့မှာ

ကျုံးဝါးခဲ့မေ့မရတဲ့အနေအထား

အဆုံးအစမဲ့ ဝေးသွားခဲ့လေမှ

အချစ်ရေ အပြုံးများနဲ့သူဌေးသားနဲ့နေပါ

သာပေါင်းတွေလဲ အဝေးကိုသွားပါဒိုး

​​​ငွေမရှိတော့နှိမ်ကြ ဆေးတို့များစွာထိုး

နောက်ဖေးသို့သွားကာငိုတဲ့အမေ့ကို

မေးတော့ သူ့မှာ နောက်ထပ် ပေးစရာက

အကြွေးတို့များလာလို့

ကြားရင်ငါ့အဖေသွေးတိုးသွားမှာဆိုး

တိတ်တခိုးပဲနံရံကိုပြေးလို့လွှားကာထိုး

အဖန်ငါးရာငါးကမ္ဘာလို့ရှေးအဆိုများမှာဆို

ငါဇွဲကြိုးမချတာ အဖေနဲ့ အမေ့ကိုအားနာလို့

အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်

ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး

ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး

အို လူ စိတ်ကူးနဲ့လက်တွေ့မတူ

ကျေးဇူးပြု၍ငါအနားယူပါရစေ( please)

ချစ်သူ မင်းလဲ တစ်ခြားသူအနားနေ

ပိုက်ဆံက လောကမှာဒုတိယဘုရားသခင်ပဲ

မနက်ဖြန်များ ငါလူ့ဘဝမှနားချင်တယ်

ကျေးဇူးပြု၍ငါအနားယူပါရစေ (please)

ချစ်သူ မင်းလဲ တစ်ခြားသူအနားနေ

ပိုက်စံက လောကမှာဒုတိယဘုရားသခင်ပဲ

အတုအပများကျင်လည် ငါလူ့ဘဝမှနားချင်တယ်

အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်

ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး

ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး

အို လူ စိတ်ကူးနဲ့လက်တွေ့မတူ

下载地址:

此为隐藏内容,需人机验证后查看下载!