作词 : Byat Ga
作曲 : Byat Ga
မျက်ရည်ကျဖို့ ခက်တဲ့အထိ ငါ့ရဲ့စိတ်တွေမွန်းကျပ်တယ်
သစ္စာမရှိတဲ့ နင့်လိုလူကို ဘာကြောင့်ငါက ချစ်ခဲ့လဲ
အများကြီးချစ်တယ် ပြောပြီးနောက်ဘဲတစ်ယောက်နဲ့ ရှုတ်နေတာ
မင်းရွှေ့တဲ့ အကွက်တွေတော်လို့မင်းရဲ့ အပြောမှာ မျောနေရှာ
ပြိုမလိုနဲ့ ငြို့ခဲ့ဘူးတဲ့ မင်းရဲ့မေတ္တာတရားတွေကြောင့်
လမ်းခွဲစကားတခွန်းနဲ့ ငါတို့အချစ်တွေ ထာဝရမိုးချုပ်သွားခဲ့
မျှော်လင့်ဘူးတဲ့ အိမ်မက်တွေ ဖြိုခွဲသွားတော့ ငါ့အသည်းများကွဲ
အချစ်စစ်ကို ပြစ်ပီး အချစ်တုတွေထဲ နစ်မွန်းသွားခဲ့
တိတ်တိတ်လေး ကြေကွဲနေပြီး ရင်ထဲမှာမွန်းကျပ်နေခဲ့
ပျော်ချင်ယောင်ဆောင်နေရတဲ့ ရက်စွဲတွေက သိပ်ကိုများ
နောင်ဘဝထိ ချစ်ကြမယ် ပြောခဲ့ဘူးတဲ့စကားတွေက
ငါနဲ့အဝေးဆုံး ကမ္ဘာတစ်ခုစီလွင့်ပါသွား
အခုဆိုမင်းက ဘဝသစ်တခုမှာနေသားကျ
ကျန်ခဲ့တဲ့ငါ့မှာတော့ မင်းကိုတနေ့မှ မေ့လို့မရ
သိပ်ချစ်လို့သဝန်တိုမိတာ အဲ့ဒီအတွက်ငါ့မှာ အပြစ်ရှိလား
မင်းမရှိမှ ငါ့ကမ္ဘာကြီးက လည်မလိုလိုနဲ့ရပ်ကာသွား
နှလုံးသားထဲ သွေးတွေကျ အလွမ်းများနဲ့ ရူးနေတာ
မင်းက နောက်တစ်ယောက်တွဲလို့ပြ
နှလုံးသားလေး ကစားလို့သွား ရက်စက်လို့ ဝပြီလား
အကြင်နာဆုံးရာ မင်းအမုန်းကြောင့် ကွဲသွားခဲ့ပီ
ငါ့ရဲ့အသည်းများ အမှတ်တရတွေ မေ့လို့မရ
မင်းမရှိတဲ့ ငါ့ကမ္ဘာမှာ အိပ်စက်မရတဲ့ ညတွေတာ
တဖြည်းဖြည်းနဲ့ များလာတာ
အလွမ်းသီချင်းလေး ငြီးဆိုရင်း ငါမျှော်နေဆဲပါ သိပ်ချစ်လို့ တခေါက်ပြန်ခဲ့ပါ ငါ့ရဲ့အနားနား...
ဟိုးအရင်ကလို မင်းနဲ့လက်တွဲ လျှောက်ချင်တယ်
မိုင်ထောင်ချီ ဝေးလို့သွားပီ မင်းနဲ့ငါနဲ့ အခုတော့လည်း
နင်ပြောခဲ့ဘူးပါတယ် နင်ကငါချစ်တာထက် ပိုချစ်တဲ့
နင်ပြောတဲ့ စကားတွေ ငါ့ရဲ့နားထဲမှာ ပဲ့သင်ထပ် ကြေကွဲနေ
ငါ့မှာ ခံစားနေရတာ နေ့စဥ်မပျက် မင်းအကြောင်းပဲ
တွေးနေရင်းနဲ့ ကျခဲ့ရတဲ့ မျက်ရည်စက်
မုသားတွေသုံးပြီး မင်းကငါ့ကို မျက်ခြေဖျက် နေ့စဥ်မပျက်
ဖုန်းတွေဆက်လဲ မင်းကငါ့ကို blacklistထဲထည့်
ဖုန်းဆက်လို့မရတော့ ငါ့မှာဝမ်းနည်းပက်လပ်
အသက်ရှုပါခက် နှလုံးခုန်တာရပ်ပီ မင်းကငါ့ရဲ့တဘဝစာ
အိမ်မက် ချစ်တတ်ဆုံးနှလုံးသားနဲ့ အရိုးသားဆုံးပေးခဲ့မိတော့
သေဆုံးခဲ့တာ ရှေ့ဆက်ရမဲ့ငါ့အနာဂတ်ပဲ....

热门推荐| 1 | |
|---|---|
| 2 | |
| 3 | |
| 4 | |
| 5 | |
| 6 | |
| 7 | |
| 8 | |
| 9 | |
| 10 |